The network connection is lost.

Banner Image

နောက်ဆုံးပေါ်ဒတ်ချ်လူငယ်ကြယ်ပွင့်သစ်ကိုခေါ်ယူဖို့ ချဲလ်ဆီးနဲ့ ဘာစီလိုနာအပြိုင်ကြိုးပမ်းနေ

တွမ်တီးအသင်းရဲ့လူငယ်ကြယ်ပွင့်သစ်ရုဒ်နိုက်စ်တက်ဒ်ကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့ အပြိုင်အဆိုင်စိတ်ဝင်စားနေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၁၈ နှစ်အရွယ်ကစားသမားက အက်ဖ်စီတွမ်တီးအသင်းမှာ ခြေစွမ်းပြနေပြီး ဒီရာသီ၊ ဒတ်ချ်လိဂ်ပွဲစဉ် ၁၇ ခုမှာ ၁၄ ပွဲအထိ ပွဲထွက်ကစားခွင့်ရရှိထားသလို အသင်းရဲ့ အဓိကလူငယ်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

နိုက်စ်တက်ဒ်က ဘောလုံးပေးပို့မှုကောင်းမွန်တဲ့ ဗဟိုနောက်ခံလူတစ်ဦး ဖြစ်ပါတယ်။ တွမ်တီးအသင်းက သူ့ကို ရေရှည်စာချုပ်သစ် ချုပ်ဆိုပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ အသင်းမှထွက်ခွာဖို့ အလားအလာ ပိုင်ဆိုင်ထားပါတယ်။

Voetbal International သတင်းဌာနရဲ့ဖော်ပြချက်အရ ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့က နိုက်စ်တက်ဒ်ရဲ့ခြေစွမ်းကို အကဲဖြတ်စောင့်ကြည့်ဖို့အတွက် သူတို့ရဲ့ ကင်းထောက်တွေကို အကြိမ်ကြိမ် စေလွှတ်ခဲ့ကြတယ်လို့ သိရပါတယ်။

တွမ်တီးအသင်းကတော့ ဒီလူငယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုရှစ်သန်းဝန်းကျင်အထိ အလိုရှိနေပြီး ဘာစီလိုနာဘက်ကတော့ လက်ရှိအခြေအနေမှာ ဒီဈေးနှုန်းဟာ မြင့်မားလွန်းတယ်လို့ ယူဆနေပါတယ်။