ချဲလ်ဆီးအတွက် ထိုက်တန်လွန်းတဲ့ နိုင်ပွဲတစ်ခုပါလို့ ကြွေးကြော်လိုက်တဲ့ ရိုစီနီယာ
ချဲလ်ဆီးနည်းပြရိုစီနီယာက ပါဖို့ဒ်ကိုအနိုင်ရရှိခဲ့မှုအတွက် သူ့ရဲ့ကျေနပ်အားရမှုကို ထုတ်ဖော်ပြသခဲ့ပြီး အလွန်ထိုက်တန်တဲ့ရလဒ်ပါလို့ ပြောကြားခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းပွဲစဉ်မှာ ဆိုက်ပရပ်စ်သားတွေက ဂိုးသမားဂျေးဂေါ်တာရဲ့လက်စွမ်းပြမှုနဲ့အတူ ဇွဲလုံလအပြည့်ရှိတဲ့စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သာမန်ပွဲကစားချိန်ပြီးဆုံးဖို့ ၁၂ မိနစ်အလိုမှာတော့ အိမ်ရှင်တွေအတွက် အဖိုးတန်နိုင်ပွဲရရှိစေမယ့် အဆုံးအဖြတ်အနိုင်ဂိုးကို ချဲလ်ဆီးကွင်းလယ်လူကိုင်စီဒိုက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
ရိုစီနီယာက “ ဘာပဲဖြစ်နေဖြစ်နေ အဆက်မပြတ်ကြိုးစားနေဖို့ လိုအပ်ပါတယ်။ ပွဲစတင်ချိန်ကတည်းက ဂိုးတွေသွင်းယူပြီး အောင်ပွဲခံချင်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်အတွက် အလွန်ပြင်းထန်လွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ယူဆမိပါတယ်။ သူက ပြိုင်ဘက်ခန္ဓာကိုယ်အပေါ် လက်တင်ထားသလိုမျိုး ဖြစ်နိုင်ပေမယ့် ပရီးမီးယားလိဂ်မှာဆိုရင် ဒီလိုသွင်းဂိုးမျိုးကို ခွင့်ပြုပေးနိုင်ပါတယ်။
ဆက်ပြီးကြိုးစားကစားနေဖို့ပါပဲ။ ကျေနပ်မိတဲ့အရာတွေ ရှိသလို တိုးတက်ဖို့လိုအပ်နေသေးတဲ့အရာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ခြုံပြီးပြောရရင် ကျွန်တော်တို့ ရှေ့ဆက်နိုင်ခဲ့ပါတယ်။ ပြိုင်ဘက်ကလည်း ခံစစ်ကို ထပ်ဆင့်ပိတ်ဆို့ထားတာတွေ၊ ဂိုးပေါက်ကို ထပ်ဆင့်ကာကွယ်တာတွေ ပြုလုပ်သွားပါတယ်။ အဖိုးတန်အနိုင်ဂိုးကိုသွင်းယူနိုင်လို့ ကိုင်စီဒိုအတွက် ဝမ်းသာမိပါတယ်။ ဒီရလဒ်ပိုင်းက ကျွန်တော်တို့အသင်းနဲ့ ထိုက်တန်လွန်းပါတယ်”လို့ ပြောပါတယ်။