မက်နက်စ်အက်ကလီယော့ရှ်ကို ခေါ်ယူဖို့ မိုနာကိုအသင်းဆီ ချဉ်းကပ်လာတဲ့ လီဗာပူး
လီဗာပူးအသင်းက အခုနွေရာသီမှာ ပြင်သစ်တိုက်စစ်မှူး မက်နက်စ်အက်ကလီယော့ရှ်ကို ခေါ်ယူနိုင်မယ့် အခြေအနေတွေအပေါ် စုံစမ်းနိုင်ဖို့အတွက် မိုနာကိုအသင်းဆီ ဆက်သွယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Sky သတင်းဌာနရဲ့ဖော်ပြချက်အရ အသက် ၂၄ နှစ်အရွယ်အက်ကလီယော့ရှ်ကို ပီအက်စ်ဂျီအသင်းကလည်း အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။
ဒါပေမဲ့ ပြင်သစ်ချန်ပီယံတွေက မိုနာကိုနဲ့တော့ အခုထိ သဘောတူညီမှု မရရှိသေးပါဘူး။ သူတို့ရဲ့နောက်ဆုံးကမ်းလှမ်းမှုတန်ကြေးကတော့ ယူရိုသန်း ၄၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
လီဗာပူးအသင်းက အခုအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်ပိုင်းကိုအားဖြည့်ဖို့ စိတ်အားထက်သန်နေပြီး လတ်တလောမှာလည်း အက်လီယော့ရှ်အတွက် အပြောင်းအရွှေ့ဖြစ်နိုင်၊ မဖြစ်နိုင် သိရဖို့အတွက် စတင်ချဉ်းကပ်လာပါတယ်။
မိုနာကိုဘက်က လီဗာပူးနဲ့ ဆွေးနွေးဖို့ ဆန္ဒရှိ၊ မရှိ အသေအချာ မသိရသေးပါဘူး။ ဒါပေမဲ့ လီဗာပူးရဲ့စိတ်ဝင်စားမှုကြောင့် ပီအက်စ်ဂျီအတွက်တော့ အပြောင်းအရွှေ့ပြိုင်ပွဲမှာ ပြိုင်ဘက်တွေ တိုးပွားလာပါတယ်။