The network connection is lost.

Banner Image

နွေရာသီအပြောင်းအရွှေ့ကာလအတွင်း လီဗာပူးအတွက် ဖြည့်တင်းရမယ့် ဟာကွက်တွေ ထင်ထင်ရှားရှားရှိနေတယ်လို့ အီရာအိုလာဝန်ခံ

လီဗာပူးနည်းပြအန်ဒိုနီအီရာအိုလာက အဓိကကစားသမားအချို့ထွက်ခွာသွားမှုနဲ့အတူ ဒဏ်ရာပြဿနာတွေကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းအတွက် အားဖြည့်ဖို့ လိုအပ်တဲ့နေရာတချို့ ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းက ဂျက်ကွက်နဲ့ ဗစ်တာမူနော့ဇ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပေမဲ့ မိုဟာမက်ဆာလက်၊ ရော်ဘတ်ဆန်နဲ့ ကိုနာတေးတို့ကို လက်လွှတ်ထားရပါတယ်။ ဒါ့အပြင် ဟူဂိုအီကီတီကီ၊ ဘရက်ဒ်လေနဲ့ လီယိုနီတို့လည်း ဒဏ်ရာအကင်းမသေသေးလို့ အနားယူနေရပါတယ်။

"ဈေးကွက်ဖွင့်ထားတဲ့အချိန် လိုအပ်တဲ့ကစားသမားအရေအတွက် အတိအကျပြောဖို့ဆိုတာ ခက်ခဲပါတယ်။ အသင်းကို ပိုကောင်းအောင်လုပ်ဖို့အတွက် ရွေးချယ်စရာအသစ်တွေကို အမြဲတမ်း လမ်းဖွင့်ထားရပါမယ်" လို့ ချီကာဂိုမှာပြုလုပ်တဲ့ အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲအတွင်း စပိန်လူမျိုးနည်းပြက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"ကစားသမားသစ်ခေါ်ဖို့လိုအပ်တယ်ဆိုတာ သိသာနေတဲ့ နေရာတွေရှိပါတယ်။ ဥပမာ - တောင်ပံကစားသမားပေါ့၊ ကျွန်တော်တို့ တောင်ပံကစားသမားတစ်ယောက် သေချာပေါက် ထပ်ခေါ်ဖို့ လိုပါတယ်။ ဒါပေမဲ့ တခြားနေရာတွေအတွက်ကတော့ ဈေးကွက်ရဲ့ အခြေအနေ၊ ကုန်ကျစရိတ်နဲ့ ရှိရင်းစွဲကစားသမားတွေအပေါ် ပြန်လည်ဆန်းစစ်ရပါလိမ့်မယ်။ ကျွန်တော်တို့ ယုံကြည်ရတဲ့ကစားသမားတွေ ဒဏ်ရာရနေလို့ အခက်တွေ့နေရတဲ့ နေရာတချို့လည်း ရှိနေပါတယ်" လို့ ဆက်ပြောပါတယ်။

မိုဆာလက်၊ ရောဘတ်ဆန်နဲ့ ကိုနာတေးတို့ ထွက်ခွာသွားမှုကြောင့် လီဗာပူးအသင်းမှာ အတွေ့အကြုံရင့်ကစားသမား လိုအပ်ချက်တွေ ရှိလာပါတယ်။ ဂိုးသမားအလီဆင်ရဲ့ အနာဂတ်လည်း မရေမရာဖြစ်နေပေမဲ့ အီရာအိုလာကတော့ ဒီဘရာဇီးလက်ရွေးစင်ကစားသမားကို အသင်းမှာဆက်ထိန်းထားဖို့ လိုလားနေပါတယ်။

"ကစားသမားသစ်တွေနဲ့ လူငယ်တွေ အသင်းမှာအသားကျလာဖို့အတွက် အလီဆင်က သေချာပေါက် ကူညီပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့အတွက် ဗန်ဒိုက်၊ အလီဆင်၊ ဂျိုးဂိုးမက်ဇ်တို့လို အသင်းမှာ ကာလရှည်ရှိခဲ့တဲ့ အားကိုးရသူတွေကို လိုအပ်ပါတယ်။ သူတို့ဆီမှ အကူအညီတွေရမယ်ဆိုတာလည်း ကျွန်တော် အာမခံပါတယ်" လို့ အီရာအိုလာက ဆိုပါတယ်။

လီဗာပူးအသင်းက ရာသီကြိုခြေစမ်းပွဲစဉ်စတင်မှုအဖြစ် လာမယ့်စနေနေ့၊ နက်ရှ်ဗီးလ်မြို့မှာ ဆန်းဒါးလန်းနဲ့ ယှဉ်ပြိုင်ကစားသွားပါမယ်။ ဒီပွဲစဉ်အပြီး ၀ရက်ဇ်ဟမ်း၊ လိဒ်ယူနိုက်တက်၊ မိုနာကို၊ ကိုမိုတို့နဲ့လည်း ဆက်လက်ယှဉ်ပြိုင်သွားပါလိမ့်မယ်။

ဩဂုတ် ၂၃ ရက်မှာတော့ ကြိုးကြာနီတွေက ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပတ်ခ်မှာ ရင်ဆိုင်သွားပါမယ်။