The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ခံခဲ့ရဖူးကြောင်း ဖွင့်ဟလာတဲ့ မီလ်နာ

ဘရိုက်တန်အသင်းရဲ့ ဝါရင့်ကစားသမား ဂျိမ်းစ်မီလ်နာက အတိတ်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေး ရခဲ့ဖူးတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ သူ့မိသားစုက လိဒ်ယူနိုက်တက်အသင်းရဲ့ အမာခံတွေ ဖြစ်တာကြောင့် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့ အခြေအနေမျိုးဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

Daily Mail နဲ့ အင်တာဗျူးမှာ သူက "တစ်ချိန်တုန်းကတော့ အခွင့်အရေး ရခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်တော့မှ မလုပ်ခဲ့ပါဘူး။ လုံးဝ၊ လုံးဝ မပြောင်းခဲ့ပါဘူး။ တကယ်လို့များ ကျွန်တော်သာ မန်ယူကို လက်မှတ်ထိုးခဲ့ရင် ကျွန်တော့်အဖေက ကျွန်တော့်ကို စကားတောင် ပြန်ပြောတော့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မန်ယူဂန္ထဝင်ကစားသမား ပေါလ်စခိုးလ်ကိုရော ကြိုက်နှစ်သက်သလားလို့ မီလ်နာကို မေးမြန်းခဲ့ပါသေးတယ်။

ဒီဝါရင့်ကွင်းလယ်လူက "ဖြစ်သင့်သလောက်တော့ မကြိုက်ခဲ့ဘူးပေါ့ဗျာ။ ဒါပေမဲ့ သူ့ကို အဲ့ဒီ အနီရောင်ဂျာစီထဲကနေ ဖယ်ထုတ်ပြီး ကြည့်မယ်ဆိုရင်တော့ သူဟာ တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ဆိုတာ ထင်ရှားပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။