ဟိန့်ဇီရဲ့ အာဆင်နယ်အပေါ် သြဇာလွှမ်းမိုးမှု ကို ဖွင့်ဟလာတဲ့ ဆာလီဘာ
ဝီလျံဆာလီဘာက ယူနိုက်တက်နောက်ခံလူဟောင်းဖြစ်ခဲ့တဲ့ အာဆင်နယ်လက်ထောက်နည်းပြ ဂါဘရီယယ်ဟိန့်ဇီဟာ အသင်းအပေါ် ဘယ်လိုသြဇာလွှမ်းမိုးမှုရှိလဲဆိုတာကို ပြောကြားခဲ့ပါတယ်။ အသက် ၄၇ နှစ်အရွယ် အာဂျင်တီးနားလူမျိုး ဟိန့်ဇီဟာ ဆာအဲလက်စ်ဖာဂူဆန်လက်အောက် ယူနိုက်တက်အသင်းမှာ သုံးနှစ်ကြာ ကစားခဲ့ဖူးပြီး ဒီနှစ်နွေရာသီမှာ မီကယ် အာတီတာရဲ့ နည်းပြအဖွဲ့ကို ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
သူရောက်လာပြီးကတည်းက အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၇ ဂိုးသာ ပေးထားရပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ သက်သောင့်သက်သာ ရပ်တည်နေပါတယ်။
ဆာလီဘာက "ဂါဘရီယယ်ဟိန့်ဇီက အထူးသဖြင့် နောက်ခံလူတွေကို အများကြီးကူညီပါတယ်။ သူက အမြဲတမ်း စကားပြောနေတယ်၊ အမြဲတမ်း အသံကျယ်ကျယ်နဲ့ ပြောနေတာကြောင့် ကျွန်တော်တို့ကို စွမ်းအင်တွေပေးပါတယ်။ ရိုးရှင်းတဲ့ အရာတွေကို လေ့ကျင့်နေတဲ့အချိန်မှာတောင် သူက အမြဲတမ်း အသံကျယ်ကျယ်နဲ့ပါ။ ဘာမဟုတ်တာလေးဆိုရင်တောင် သူက အသံကျယ်ကျယ်နဲ့ ပြောနေတတ်ပါတယ်။ သူက အများကြီးစကားပြောတယ်။ သူ့ကို ကျွန်တော်တို့နဲ့ နီးနီးကပ်ကပ်ရှိနေတာ ကောင်းပါတယ်။ ဒီလူက ကျွန်တော်တို့ကို အများကြီး ကူညီနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်"လို့ ပြောခဲ့ပါတယ်။