The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ဆီ ပြန်လာမယ်ဆိုတဲ့ ကောလာဟလတွေကို မော်ရင်ဟိုတုံ့ပြန်

ဘင်ဖီကာနည်းပြဟိုဆေးမော်ရင်ဟိုက ရီးရဲလ်မက်ဒရစ်ဆီ အံ့အားသင့်ဖွယ် ပြန်ရောက်ရှိလာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို တုံ့ပြန်ခဲ့ပါတယ်။၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၊ ဘရူနိုလာဂီထွက်ခွာသွားပြီးနောက် အသက်-၆၂ နှစ်အရွယ်မော်ရင်ဟိုက နည်းပြဘဝစတင်ရာ ဘင်ဖီကာအသင်းဆီ အံ့အားသင့်ဖွယ် ပြန်ရောက်လာခဲ့ပါတယ်။

လစ္စဘွန်းမြေဆီရောက်ရှိပြီး လပိုင်းအကြာမှာပဲ စပါယ်ရှယ်ဝမ်းအတွက် ပိုပြီးအံ့အားသင့်စရာကောင်းတဲ့ ပြန်လည်ပေါင်းစည်းမှုတစ်ခုနဲ့ ချိတ်ဆက်ဖော်ပြမှုတွေ ရှိလာပါတယ်။ စပိန်ဘောလုံးရပ်ဝန်းမှထွက်ပေါ်လာတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌဖလော်ရင်တီနိုပီရက်ဇ်က ရာထူးမှထုတ်ပယ်လိုက်တဲ့ အလွန်ဆိုရဲ့နေရာမှာ မော်ရင်ဟိုကိုအစားထိုးဖို့ လိုလားနေတယ်လို့ သိရပါတယ်။

ဒီကောလာဟလတွေနဲ့ပတ်သက်လို့မေးမြန်းရာမှာ ရိုးရာပုံစံဖြင့် မော်ရင်ဟိုက “ အဲ့ဒီဇာတ်လမ်းတွဲတွေထဲမှာ ကျွန်တော့်ကို မထည့်သွင်းလိုက်ပါနဲ့။ ကောင်းမွန်တဲ့ဇာတ်လမ်းတွဲတွေ ရှိပေမယ့် အဲ့ဒါတွေက အလွန်ရှည်လျားလွန်းပါတယ်။ အပိုင်းတစ်ခု၊ နှစ်ခုလောက် လွဲချော်သွားမယ်ဆိုရင် ဇာတ်လမ်းပါပျောက်သွားပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီဇာတ်လမ်းတွဲတွေထဲမှာ ကျွန်တော့်ကို မမျှော်လင့်လိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဲ့ဒီလိုဇာတ်လမ်းတွဲတွေကို စိတ်မဝင်စားလို့ပါ”လို့ ပြောပါတယ်။