The network connection is lost.

Banner Image

မက်ဒရစ်ဒါဘီရှုံးနိမ့်မှုအပြီး ရီးရဲလ်မက်ဒရစ်ရဲ့ နည်းစနစ်ပိုင်းကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ မက်ခီလီလီ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ မက်ဒရစ်ဒါဘီပွဲစဉ်မှာ မြို့ခံခါးသီးပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်ကို ၂-၁ ဂိုးဖြင့် စိတ်ပျက်ဖွယ်ရှုံးနိမ့်ပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြမော်ရင်ဟိုကို မက်ခီလီလီက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ကစားသမားဘ၀အနားယူသွားပြီဖြစ်တဲ့ ဒီကွင်းလယ်လူဟောင်းက အသင်းရဲ့ရာသီအစပိုင်းအပေါ် စိုးရိမ်မှုတွေ ပြသခဲ့သလို အသင်းလိုက်စုစည်းညီညွှတ်မှု အားနည်းနေမှုကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။
 
ဒီရှုံးပွဲကြောင့် ရီးရဲလ်မက်ဒရစ်က ရမှတ် ၁၅ ဖြင့် အမှတ်ပေးဇယားစတုတ္ထနေရာဆီ ရောက်ရှိသွားပြီး အက်သလက်တီကိုမက်ဒရစ်ရဲ့နောက် တစ်မှတ်အကွာမှာ ရှိနေပါတယ်။ အမှတ်ပေးဇယားဦးဆောင်သူဘာစီလိုနာကတော့ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်နဲ့အတူ ရမှတ် ၂၁ မှတ်အထိ စုဆောင်းထားပါတယ်။
 
ESPN နဲ့ တွေ့ဆုံချိန် မက်ခီလီလီက မော်ရင်ဟိုရဲ့နည်းစနစ်ပိုင်းချဉ်းကပ်ပုံအပေါ် စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပြီး အသင်းမှာ ရှင်းလင်းပြတ်သားတဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကစားဟန် ပျောက်ဆုံးနေတယ်လို့ ထောက်ပြခဲ့ပါတယ်။
 
မက်ခီလီလီက "တစ်ဦးနဲ့တစ်ဦး နားလည်မှု လုံးဝမရှိပါဘူး။ ကစားသမားအချင်းချင်းကြားမှာရော၊ နည်းပြနဲ့ပါ နားလည်မှု မရှိကြပါဘူး။ မော်ရင်ဟိုတော့ သူတို့နဲ့ စကားပြောဖို့ လိုအပ်နေပါပြီ" လို့ ပြောပါတယ်။
 
"အသင်းက အားနည်းလွန်းနေပြီး ပွဲကစားဖို့ အစီအစဉ်လည်း မရှိသလို ရှင်းလင်းတဲ့ စိတ်ကူးတွေလည်း မရှိပါဘူး။ ဘာမှမရှိပါဘူး။ ဘာမှ၊ ဘာမှ၊ ဘာမှကို မရှိတာပါ... လုံးဝ ဘာမှမရှိပါဘူး။ ကျွန်တော်တို့တွေ သူတို့ဆီမှ အခုထက်ပိုပြီး တောင်းဆိုရပါမယ်။
 
ပြဿနာက ဒိုင်လူကြီး မဟုတ်ပါဘူး၊ အသင်းအတွင်းမှာတင် သိသာထင်ရှားတဲ့ လိုအပ်ချက်၊ ချို့ယွင်းချက်တွေ ရှိနေတာပါ" လို့ ဆိုပါတယ်။