အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘ၀ နှုတ်ဆက်ပွဲမတိုင်ခင် စိတ်လှုပ်ရှားစရာ သတင်းစကား မျှဝေလာတဲ့ မက်ဆီ
လာမယ့်အောက်တိုဘာ ၆ ရက်၊ ဘီနင်နဲ့ကစားရမယ့် ပွဲစဉ်မှာ အာဂျင်တီးနားအတွက် နောက်ဆုံးအကြိမ်ပါဝင်ကစားမယ့် မက်ဆီက သူရဲ့နောက်ဆုံးပွဲစဉ်မတိုင်ခင် စိတ်လှုပ်ရှားစရာ သတင်းစကားတစ်ခုကို မျှဝေခဲ့ပါတယ်။
ဘော်လွန်းဒီအော်ဆုရှစ်ကြိမ်တိုင်ဆွတ်ခူးထားနိုင်တဲ့ ကစားသမားကြီးက အယ်လ်မိုနူမန်တယ်ကွင်းကြီးမှာ အထူးနှုတ်ဆက်ပွဲတစ်ခုကို ရရှိဖို့ မျှော်လင့်နေပြီး ပရိသတ်တွေကလည်း မက်ဆီရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ လက်ရွေးစင်ကစားသမားဘ၀နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအောင်ပွဲတို့ကို ဂုဏ်ပြုရင်း ပါဝင်ဆင်နွှဲကြပါလိမ့်မယ်။
ဘလွန်းဒီအောဆု ရှစ်ကြိမ်တိုင် ဆွတ်ခူးထားတဲ့ ကစားသမားကြီးဟာ အယ်လ်မိုနူမန်တယ်
မက်ဆီက သူ့ရဲ့ ပုံမှန်အာဂျင်တီးနားဂျာစီအစား သူ့ရဲ့အမည်နဲ့ ဂန္ထဝင်ကျောနံပါတ် ၁၀ ကို ရွှေရောင်ဖြင့် အထူးဖန်တီးထားတဲ့ Adidas ဂျာစီ လဲလှယ်ဝတ်ဆင်ထားတဲ့ ဗီဒီယိုတစ်ခုကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
ဒါ့အပြင် သူက "နောက်ဆုံးပွဲ၊ တစ်သက်တာလုံးစာအတွက် ဂျာစီတစ်ထည်" လို့ ရေးသားဖော်ပြခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ်မက်ဆီက အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၂၀၇ ပွဲကစား၊ ၁၂၅ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၆၈ ကြိမ်ပြုလုပ်ကာ အောင်အောင်မြင်မြင် ဖြတ်သန်းခဲ့ပါတယ်။