The network connection is lost.

Banner Image

လိဒ်နဲ့သရေပွဲစဉ်အပြီး ခရစ္စတယ်ပဲလေ့စ်အတွက် အခုထက်ပိုမိုကောင်းမွန်တဲ့ ရလဒ်မျိုးနဲ့ ထိုက်တန်တယ်လို့ ဆာဂီ ယုံကြည်နေ

လိဒ်ယူနိုက်တက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ တနင်္ဂနွေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်နည်းပြဆာဂီက သူ့အသင်းအတွက် အခုထက်ပိုပြီး ရသင့်ရထိုက်တယ်လို့ ယုံကြည်နေပါတယ်။ 
 
အီလန်ရုဒ်ကွင်းသရေရလဒ်ကြောင့် လိဒ်က ပရီးမီးယားလိဂ်ရာသီအစရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
 
ဒါပေမဲ့ ပွဲချိန်အတွင်း ဖြစ်ရပ်တွေကြောင့် အခုထက်ပိုပြီး ကွဲပြားသွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း ခရစ္စတယ်ပဲလေ့စ်ပရိသတ်အချစ်တော် မစ်ချဲလ်ရဲ့သွင်းဂိုးကို VAR စစ်ဆေးမှုအရ ခါလိုင်လီရဲ့လူကျွံနေမှုကြောင့် ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။

ဒါက အကြိတ်အနယ်ရှိပြီး မျှတတဲ့ပွဲစဉ်တစ်ခုဖြစ်ပေမဲ့ ခရစ္စတယ်ပဲလေ့စ်နည်းပြဆာဂီကတော့ သူ့အသင်းအတွက် အနိုင်ရလဒ်နဲ့အတူ တောင်လန်ဒန်အရပ်ဆီ အလွယ်တကူပြန်လာနိုင်ခဲ့သင့်တယ်လို့ ယုံကြည်နေပါတယ်။
 
ပွဲအပြီး Sky Sports နဲ့ တွေ့ဆုံချိန် ဆာဂီက "ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကျွန်တော်တို့  အလုပ်တွေ အများကြီးလုပ်ခဲ့ပါတယ်။ အရင်ထက် အခွင့်အရေးတွေပေးရတာ နည်းပါးသွားခဲ့ပေမဲ့ အခွင့်အရေးကြီးတစ်ခု ခွင့်ပြုပေးခဲ့ရပြီး အဲဒီမှာ ကျွန်တော်တို့ရဲ့ဂိုးသမားက တကယ့်ကိုကောင်းမွန်တဲ့ ကာကွယ်မှုတစ်ခု ပြုလုပ်ပေးနိုင်ခဲ့လို့ ဝေါ်လ်တာဘီနီတက်ဇ်ကိုလည်း ဂုဏ်ပြုရပါမယ်" လို့ ပြောပါတယ်။
 
"ကျွန်တော်တို့ သရေရလဒ်ထက် ပိုမိုကောင်းမွန်တဲ့ အရာတစ်ခုနဲ့ ထိုက်တန်ခဲ့ပြီး ဂိုးမရခဲ့ပေမဲ့ အခွင့်အရေးတချို့ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့သလို အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ကောင်းမွန်တဲ့စွမ်းဆောင်ရည်မျိုးကို တစ်ကြိမ်တစ်ခါလောက် ပြသဖို့ဆိုတာ လွယ်ကူလို့ ပွဲတိုင်းမှာ ဒါမျိုးလုပ်နိုင်ဖို့ လိုအပ်ပြီး ရမှတ်တွေရယူနိုင်ဖို့အတွက် ဒီထက်ပိုကောင်းအောင် ကစားသွားရပါမယ်" လို့ ဆိုပါတယ်။