The network connection is lost.

Banner Image

ချဲလ်ဆီးပစ်မှတ် ကာမာရာကို ကြားဖြတ်ခေါ်ယူဖို့ မိုနာကိုနဲ့ ဆွေးနွေးနေတဲ့ လီဗာပူး

လီဗာပူးအသင်းက ချဲလ်ဆီးအသင်းရဲ့အပြောင်းအရွှေ့ပစ်မှတ်ဖြစ်တဲ့ လာမင်းကာမာရာကို ကြားဖြတ်ခေါ်ယူဖို့အတွက် မိုနာကိုအသင်းနဲ့ ကနဦးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
 
အသက် ၂၂ နှစ်အရွယ်ကစားသမားက အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးအချိန်မှာ ချဲလ်ဆီးဆီရောက်ရှိလာဖို့ အတော်လေးနီးစပ်ခဲ့ပေမဲ့ နောက်ဆုံးမိနစ်မှာမှ မိုနာကိုက သဘောတူညီချက်ကို ဖျက်သိမ်းခဲ့ပါတယ်။

မိုနာကိုက ကာမာရာကို လက်လွှတ်ရမယ့်ကိစ္စအစား ဘာလိုဂန်ကိုသာ အဲဗာတန်ဆီ ရောင်းထုတ်ဖို့ ပိုမိုလိုလားခဲ့ပါတယ်။ ဒါပေမဲ့ မာဆေးဆိုဒ်ဆီပြောင်းရွှေ့ဖို့ကိစ္စကို အမေရိကန်တိုက်စစ်မှူး ငြင်းပယ်ခဲ့လို့ မိုနာကိုမှာ ဘဏ္ဍာရေးဆိုင်ရာအကျပ်အတည်းတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
 
အခုတော့ CaughtOffside ရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းက လာမယ့်ဇန်နဝါရီစျေးကွက်မှာ ချဲလ်ဆီးထက် လက်ဦးမှုရယူပြီး ကာမာရာကိုခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

အလားတူ လီဗာပူးနည်းပြအီရာအိုလာကိုယ်တိုင်လည်း အသင်းကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းချင်နေတာကြောင့် အသင်းတာဝန်ရှိသူတွေက ဖြစ်နိုင်ခြေရှိမယ့်အပြောင်းအရွှေ့အတွက် မိုနာကိုနဲ့ ကနဦးဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။