The network connection is lost.

Banner Image

ဝက်စ်ဟမ်းတောင်ပံကစားသမား ဆမ်မာဗီလီကို ယူရိုသန်း ၈၀ ဖြင့် ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားတဲ့ အယ်လ်ဟီလယ်

ဆော်ဒီပရိုလိဂ်ကလပ်အသင်း အယ်လ်ဟီလယ်က ဝက်စ်ဟမ်းတောင်ပံကစားသမားဆမ်မာဗီလီကို ယူရိုသန်း ၈၀ ဆိုတဲ့ ငွေကြေးပမာဏအမြောက်အများနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီလို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ၃၄ ပွဲကစားရာမှာ ခုနစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ကာ ဝက်စ်ဟမ်းအသင်းအတွက် ရှားရှားပါးပါးခြေစွမ်းပြသနိုင်သူတစ်ဦး ဖြစ်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်း တန်းဆင်းသွားခဲ့ပြီးနောက် ဒီနယ်သာလန်တောင်ပံကစားသမားက ပရီးမီးယားလိဂ်ကလပ်အသင်းတွေဆီ ရောက်ရှိလာမလားဆိုတဲ့ သတင်းတွေ အကြီးအကျယ်ထွက်ပေါ်ခဲ့ပေမဲ့ စီးရီးအေကလပ်အသင်းရိုးမားကတော့ သူ့ကိုခေါ်ယူနိုင်ဖို့ အလားအလာအကောင်းဆုံးအသင်းအဖြစ် ထင်ကြေးပေးခံခဲ့ရပါတယ်။

ရိုးမားအသင်းက ဆမ်မာဗီလီအတွက် အခုလအတွင်းမှာတင် ယူရို ၄၆ သန်းဖြင့် ကမ်းလှမ်းခဲ့သလို မန်ချက်စတာယူနိုက်တက်ကလည်း သူ့ရဲ့အခြေအနေကို စုံစမ်းခဲ့ပြီး အက်စတွန်ဗီလာရဲ့စိတ်ဝင်စားမှုလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ နာမည်ကျော်သတင်းထောက်ဒေးဗစ်အွန်စတိန်းရဲ့ ဖော်ပြချက်အရ ဆော်ဒီပရိုလိဂ်ကလပ်အသင်းအယ်လ်ဟီလယ်က ရိုးမားရဲ့ကမ်းလှမ်းမှုကို အပြတ်အသတ် ကျော်ဖြတ်ပြီး ယူရိုသန်း ၈၀ တန်သဘောတူညီမှု ရယူသွားခဲ့ပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ ဆမ်မာဗီလီက ဆေးစစ်မှုခံယူဖို့ စီစဉ်ထားပြီး အယ်လ်ဟီလယ်အသင်းနဲ့အတူ ကာလရှည်စာချုပ်တစ်ရပ် ချုပ်ဆိုသွားဖို့ ရှိနေပါတယ်။