The network connection is lost.

Banner Image

ယူနိုက်တက်နဲ့သတင်းတွေထွက်နေပေမယ့် အေစီမီလန်မှာ ပျော်ရွှင်နေတယ်လို့ပြောကြားလာတဲ့ ပူလီဆစ်

မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့လည်း ခရစ်စတီယန် ပူလီဆစ်ကတော့ သူဟာ အေစီမီလန်မှာပဲ ပျော်ရွှင်နေတယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အမေရိကန်အသင်းခေါင်းဆောင် ပူလီဆစ်ဟာ ဒီရာသီမှာ ယူနိုက်တက်ကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ဆက်စပ်မှု ရှိနေတာပါ။ Men's Journal နဲ့ အင်တာဗျူးရာမှာ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ပူလီဆစ်က အခုလို အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းခြင်း ခံခဲ့ရပါတယ်။

"ပုံမှန်ဆိုရင် တခြားလူတွေက ဒီသတင်းတွေက အမှန်လားဆိုပြီး ကျွန်တော့်ဆီ စာပို့မေးလေ့ရှိကြတယ်၊ ကျွန်တော်ကတော့ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာမှမသိဘူးလို့ပဲ ပြန်ပြောလေ့ရှိပါတယ်" လို့ သူက ဆိုပါတယ်။ "ဒီလိုကိစ္စတွေအတွက် အချိန်နဲ့နေရာ ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ အဲ့ဒါက အခုလို ကွင်းထဲမှာပဲ အာရုံစိုက်နေရတဲ့ ရာသီအလယ်ပိုင်းမှာတော့ မဟုတ်ပါဘူး။ အခုချိန်မှာ တခြားကလပ်တွေ ဒါမှမဟုတ် အပြောင်းအရွှေ့တွေအကြောင်း ကျွန်တော့်ရဲ့ အေးဂျင့်နဲ့လည်း စကားမပြောဖြစ်ပါဘူး။ ဒါတွေက ကျွန်တော့်အပေါ် လွှမ်းမိုးမှုမရှိသလို ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာလည်း သက်ရောက်မှု မရှိပါဘူး။ တကယ်လို့ ရွေးချယ်စရာတွေ ရှိလာခဲ့ရင်လည်း သင့်တော်တဲ့အချိန်ကျမှ ဆွေးနွေးသွားမှာပါ၊ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ဒါက ကျွန်တော့်အတွက် ဦးစားပေး မဟုတ်သေးပါဘူး။ အခုချိန်မှာတော့ ကျွန်တော် ရောက်ရှိနေတဲ့နေရာမှာပဲ ပျော်ရွှင်နေပါတယ်" လို့ ပူလီဆစ်က ရှင်းရှင်းလင်းလင်း ပြောကြားသွားခဲ့ပါတယ်။