အိုရိုင်လေရဲ့တိုးတက်မှုတွေကို ရှင်းပြလာတဲ့ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ဂွာဒီယိုလာက အိုရိုင်လေရဲ့ "ထူးခြားပြောင်မြောက်တဲ့" ရာသီအစ တိုးတက်မှုတွေအကြောင်း ပြောကြားလိုက်ပါတယ်။ မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာက နီကိုအိုရိုင်လေရဲ့ ဒီရာသီခြေစွမ်းကို "ထူးခြားပြောင်မြောက်တယ်" လို့ ချီးကျူးလိုက်တာပါ။ အဲဒီအကယ်ဒမီထွက် ကစားသမားလေးဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ စီးတီးအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။
အိုရိုင်လေရဲ့ တိုးတက်လာမှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဂွာဒီယိုလာက "သူက ရိုဒရီ ဒဏ်ရာရနေချိန်မှာ စတင်ကစားခွင့်ရခဲ့တာဖြစ်ပြီး တကယ်ကို အားရစရာကောင်းတဲ့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာ သူက နီကိုနဲ့အတူ ကွင်းလယ်ခံစစ်မှာ တွဲဖက်ကစားခဲ့တယ်၊ သူက တိုက်စစ်နဲ့ ကွင်းလယ်ကြား နေရာလွတ်တွေမှာ ကောင်းကောင်းကစားနိုင်တယ်၊ ဒါက သူ့ရဲ့ပင်ကိုယ်ကစားဟန်ဖြစ်ပြီး ဖြတ်တင်ဘောတိုင်းမှာလည်း သူရှိနေတတ်ပါတယ်။ တိုက်စစ်ဆင်တဲ့အခါ လေထဲကလာတဲ့ ဘောလုံးတွေကို အသာစီးယူနိုင်စွမ်း အရမ်းကောင်းပေမဲ့ ခံစစ်ပိုင်းမှာတော့ တိုးတက်ဖို့ လိုပါသေးတယ်။ အခုထိတော့ သူက ကျွန်တော့်ကိုတောင် အံ့အားသင့်စေခဲ့ပါတယ်။ ဒီရာသီမှာ သူ့ရဲ့ခြေစွမ်းက တကယ့်ကို ထူးခြားပြောင်မြောက်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။