The network connection is lost.

Banner Image

မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် မခန့်အပ်စေချင်တဲ့သူတွေကိုကြည့်ပြီး အံ့ဩမိတယ်လို့ တိုက်စစ်မှူးဟောင်း အိုဝင်ပြော

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က မိုက်ကယ်ကာရစ်ဟာ အမြဲတမ်းနည်းပြရာထူးနဲ့ ထိုက်တန်တယ်လို့ နောက်တစ်ကြိမ် ထပ်လောင်းပြောကြားလိုက်ပါတယ်။ ရာသီကုန်မှာ ကာရစ်ကို ရာထူးကနေ ထုတ်ပယ်သင့်တယ်လို့ ပြောနေကြတဲ့ အသင်းဖော်ဟောင်းတချို့ရဲ့ အမြင်တွေအပေါ် အိုဝင်ကတော့ ဇဝေဇဝါဖြစ်နေပါတယ်။

သူက casino.org ကို အခုလို ပြောပြခဲ့ပါတယ် - "မိုက်ကယ်ကာရစ်ကို ရာထူးက ထုတ်လိုက်ပြီပဲ ထားပါတော့။ ပြီးရင် တခြားဘယ်သူ့ကိုမဆို အစားထိုးခန့်လိုက်မယ်။ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ပါဘူး၊ အောင်မြင်မှုတွေ အမြဲရလေ့ရှိတဲ့ နည်းပြမျိုး ဒါမှမဟုတ် အသင်းမှာ အရင်က ရှိခဲ့ဖူးတဲ့ နည်းပြမျိုးပဲ ဖြစ်ဖြစ်ပေါ့။ တကယ်လို့များ အခြေအနေတွေက တဖြည်းဖြည်း ဆိုးရွားလာပြီး အရင်လို ပုံစံပျက်သွားမယ်ဆိုရင် အသင်းပိုင်ရှင်တွေဟာ ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခံရမှာ သေချာပါတယ်။ သူ့ကို အမြဲတမ်းနည်းပြအဖြစ် မခန့်သင့်ဘူးလို့ ပြောနေတဲ့သူတချို့ကို ကြည့်ပြီး ကျွန်တော် တကယ်ပဲ အံ့ဩမိပါတယ်။ အံ့ဩစရာပါပဲ။ ဒါဟာ ဘာကြောင့် မေးခွန်းထုတ်စရာ ဖြစ်နေရတာလဲဆိုတာကိုတောင် ကျွန်တော် နားမလည်နိုင်ပါဘူး။"

သူက ဆက်ပြီးတော့ "ကျွန်တော်က သူ့ကို ၁၀ နှစ်စာ စာချုပ်ချုပ်ဆိုလိုက်ပါ၊ အားလုံး ပြည့်စုံသွားပြီလို့ ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဗျာ... သူ အခုထက်ပိုပြီး ဘာတွေလုပ်ပြဖို့ လိုသေးတာလဲ။ အခုသွားနေတဲ့ အရှိန်အတိုင်းပဲ ဆက်သွားခွင့် ပေးလိုက်ရမှာပါ။ အခုအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာနေတဲ့ပုံစံမျိုး ရှိနေပါပြီ။ ဒီလို အခြေအနေမျိုးမှာ ဘာလို့များ ကြားဖြတ်နှောင့်ယှက်ချင်နေကြတာလဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။