The network connection is lost.

Banner Image

ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနားအသင်းရဲ့ကမ္ဘာ့ဖလားဝင်ခွင့်မျှော်လင့်ချက်ကို ဖျက်ဆီးဖို့ ကြိုးစားတယ်ဆိုပြီး ဖောရက်စ်နည်းပြဟောင်းကူးပါး စွပ်စွဲခံရ

ဝေးလ်နဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်မတိုင်ခင် အခုနောက်ပိုင်းသီတင်းပတ်တွေမှာ ဘော့စနီးယားကွင်းလယ်လူ ဘင်ဂျမင်တာဟီရိုဗစ်ကို နည်းပြကူးပါး အသုံးပြုခြင်းမရှိလို့ ဘော့စနီးယားနှင့်ဟာဇီဂိုးဗီးနားအသင်းနည်းပြဘာဘာရက်ဇ် စိတ်ဆိုးဒေါသထွက်နေပါတယ်။

ဒိန်းမတ်ပြည်တွင်းကလပ်အသင်းဖြစ်တဲ့ ဘရွန်ဘီအသင်းကို တာဝန်ယူနေတဲ့ ကူးပါးကို ဘာဘာရက်ဇ်က သူတို့ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက် ဖျက်ဆီးသူအဖြစ် စွပ်စွဲခဲ့ပါတယ်။

တနင်္လာနေ့က ဆာရာယေဗိုမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဘာဘာရက်ဇ်က "တာဟီရိုဗစ်က ကျွန်တော့်ကို ယုံရခက်တဲ့ အကြောင်းအရာတချို့ ပြောပြထားပါတယ်။ ဒါက နည်းပြဖြစ်သူရဲ့ ဇာတိမြေနောက်ခံနဲ့လည်း ပတ်သက်နေတယ်လို့ ထင်ပါတယ်။ နည်းပြတစ်ဦးက ကစားသမားကိုတော့ ကံကောင်းပါစေလို့ ဆုတောင်းပေးပြီး၊ ကစားသမားရဲ့ နိုင်ငံလက်ရွေးစင်အသင်းကိုကျတော့ ဆုမတောင်းပေးဘူးဆိုကတည်းက အရာအားလုံး ပိုပြီးရှင်းလင်းသွားပါပြီ" လို့ ပြောကြားခဲ့ပါတယ်။

"လက်ရွေးစင်ပွဲစဉ်တွေ ပြီးသွားတဲ့အခါမှပဲ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်လို့လည်း နည်းပြက သူ့ကို ပြောခဲ့ပါသေးတယ်။ ကျွန်တော်ကတော့ အဲဒီလိုလူမျိုးမဟုတ်ပါဘူး၊ အားကစားနဲ့ ယှဉ်ပြိုင်မှုကို ပိုပြီးတော့ တန်ဖိုးထား မြတ်နိုးသူပါ" လို့လည်း ၎င်းက ဆိုပါတယ်။

ဒါပေမဲ့ ဘရွန်ဘီအသင်းရဲ့လူထုဆက်သွယ်ရေးဒါရိုက်တာဆိုရန်ဟန်ဂ်ဟော့ခ်ျကတော့ "ဒါ အခြေအမြစ်မရှိတဲ့ တစ်ဖက်သတ်အတွေးအမြင်တွေပဲ ဖြစ်ပါတယ်။ စတိဗ်ကူးပါးကလည်း အခုလိုဆုံးဖြတ်ရခြင်းနောက်ကွယ်မှ အကြောင်းပြချက်တွေကို လူသိရှင်ကြား ရှင်းပြထားပြီးသားပါ။ အဲဒီအထဲမှာ နိုင်ငံလက်ရွေးစင်အသင်းတစ်ခုခုနဲ့ပတ်သက်တဲ့ အကြောင်းအရာမျိုး အနည်းငယ်မျှတောင် မပါဝင်ပါဘူး" လို့ TV 2 Sport မှတစ်ဆင့် အခိုင်အမာပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

"ဒါက နည်းပြအဖွဲ့နဲ့ အသင်းစီမံခန့်ခွဲမှုအပိုင်းက ပူးပေါင်းပြီး ချမှတ်ခဲ့တဲ့ အသင်းရဲ့ဆုံးဖြတ်ချက်သက်သက်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ဘရွန်ဘီမှာ ဝေးလ်ပရိသတ်တွေလည်း အများကြီးမရှိနေပါဘူး" လို့လည်း ၎င်းက ဆိုပါတယ်။