The network connection is lost.

Banner Image

အားကစားဆိုင်ရာ အံ့ဖွယ်စွမ်းဆောင်မှုအပြီး ဗန်နိုလီကို ဖီအိုရင်တီးနားမှာ ဆက်ရှိနေဖို့ အေးဂျင့်တိုက်တွန်း

ဖီအိုရင်တီးနားနည်းပြပါအိုလိုဗန်နိုလီရဲ့အေးဂျင့်ဖြစ်သူက သူ့ရဲ့ဖောက်သည်အတွက် စာချုပ်သက်တမ်းတိုးဖို့ ထိုက်တန်မှုအပြည့်ရှိတယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ထုတ်ပယ်ခံလိုက်ရတဲ့ ပီအိုလီရဲ့နေရာမှာ အစားထိုးဖို့အတွက် ဗန်နိုလီကို ရာသီကုန်အထိ တာဝန်ပေးအပ်ခဲ့ပြီး သူရောက်လာပြီးနောက်ပိုင်း အသင်းကို စီးရီးအေတန်းဆင်းဇုန်မှရုန်းထွက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဗန်နိုလီရဲ့အေးဂျင့်ဖြစ်သူ အန်ဒရီယာဒီအာမီကိုက Radio FirenzeViola ကို အခုလို ပြောပြခဲ့ပါတယ်။ "ဖီအိုရင်တီးနားက သူ့ကို ဆက်ပြီး အတည်ပြုခန့်ထားလိမ့်မယ်လို့ ကျွန်တော်တို့ အပြည့်အဝယုံကြည်ပါတယ်။ ဘောလုံးဆိုတာက ဖြစ်ရပ်တစ်ခုချင်းစီအပေါ်မူတည်တဲ့ အားကစားမျိုးပါ။ ကျွန်တော် အချက်အလက်တွေကို ကြည့်ပြီးပါပြီ၊ အချက်အလက်တွေက မလိမ်ညာပါဘူး။ အင်တာမီလန်က ဘောလုံးပိုင်ဆိုင်မှု ပိုသာခဲ့ပေမဲ့ ဖီအိုရင်တီးနားက ပိုပြီး အရေးပါတဲ့ဂိုးသွင်းခွင့်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။"

"ခြုံပြောရရင် ဒါကာ တကယ်အရေးကြီးတဲ့ရလဒ်တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖလောရင့်စ်ဆီ ဗန်နိုလီရောက်လာကတည်းက လုပ်ခဲ့တဲ့အလုပ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေတင်မကဘဲ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေပါ ပိုများခဲ့တယ်ဆိုတာကို မမေ့သင့်ပါဘူး။

အဆင့်အတန်းမြင့်မားတဲ့ပြိုင်ပွဲတွေမှာပါဝင်ကစားလာခဲ့ပြီးမှ အမှတ်ပေးဇယားအောက်ခြေအထိ ရောက်ရှိသွားတဲ့ အသင်းတစ်ခုရဲ့စိတ်ဓါတ်ပိုင်း ပြန်လည်နိုးထလာဖို့နဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိနေဖို့ဆိုရင် စိတ်ပို်ငးဆိုင်ရာအရ အပေါင်းကလ္ခဏာဆောင်တဲ့လုပ်ဆောင်ချက်တွေ လိုအပ်ခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်" လို့ ပြောပါတယ်။

ဆက်လက်ပြီး ဒီအာမီကိုက"သူက အားကစားလောကရဲ့ အံ့ဖွယ်စွမ်းဆောင်မှုအသေးစားလေးတစ်ခုကို လုပ်ပြနေတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါကြောင့် သူ့ကို အပြည့်အဝ ယုံကြည်ပါတယ်။ အသင်းက ဘာဆုံးဖြတ်မလဲဆိုတာကိုတော့ ဆက်ကြည့်ရမှာပေါ့။ 

ကျွန်တော်တို့အတွက်တော့ ဒါဟာ ကိုယ်တိုင်ရော အားကစားပိုင်းမှာပါ အများကြီး ရုန်းကန်ခဲ့ရပြီးမှ ရလာတဲ့ ကောင်းမွန်တဲ့အချိန်ကာလတစ်ခုပါပဲ။ ပြီးသွားမှ ပြန်ပြောဖို့ဆိုတာ လွယ်ပါတယ်၊ ဒါပေမဲ့ တကယ်အရေးကြီးတာက ဗန်နိုလီစွမ်းဆောင်ပေးနေတဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။