အယ်လ်ဗာဘာ့ဂ်အသင်းမှ အိုလီဘွတ်ခ်ကို ဒေါ့မွန်အသင်းက အားကစားဒါရိုက်တာအဖြစ် ခန့်အပ်
ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းက အိုလီဘွတ်ခ်ကို သူတို့အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ကြောင်း တနင်္လာနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ အိုလီဘွတ်ခ်ဟာ ဂျာမန်ချန်ပီယံဆု ၈ ကြိမ်ရရှိထားတဲ့ ဒေါ့မွန်အသင်းနဲ့ ၂၀၂၉ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။ သူဟာ အယ်လ်ဗာဘာ့ဂ်အသင်းကနေ ရောက်ရှိလာတာဖြစ်ပြီး အဲ့ဒီအသင်းကို စတုတ္ထတန်းကနေ ဒုတိယတန်းအထိ အလျင်အမြန် တိုးတက်လာအောင် စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဘွတ်ခ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ အသင်းကနေ ထွက်ခွာသွားတဲ့ ဆီဘက်ရှီယန်ကီလ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒေါ့မွန်အသင်းဟာ ရာသီကုန်ဖို့ ၇ ပွဲအလိုမှာ ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၉ မှတ်အကွာ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။