The network connection is lost.

Banner Image

ဒဏ်ရာရရှိသွားတဲ့ ဒိုင်ယိုမန်ဒီရဲ့နေရာမှာ အစားထိုးဖို့ နီကိုလက်စ်ပီပီကို အိုင်ဗရီကို့စ်အသင်းက ပြန်လည်ခေါ်ယူ

အိုင်ဗရီကို့စ်တိုက်စစ်မှူး နီကိုလက်စ်ပီပီဟာ လူငယ်ကြယ်ပွင့်ကစားသမား ယန်းဒိုင်ယိုမန်ဒီ ဒဏ်ရာရရှိသွားတာကြောင့် ဒီလထဲမှာကစားမယ့် ကမ္ဘာ့ဖလားခြေစမ်းပွဲစဉ်တွေအတွက် နိုင်ငံလက်ရွေးစင်အသင်းဆီ ပြန်လည်ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ လာမယ့်စနေနေ့ အင်္ဂလန်နိုင်ငံ၊ မီလ်တန်ကိန်းမှာကစားမယ့် တောင်ကိုရီးယားနဲ့ပွဲ၊ မတ်လ ၃၁ ရက်နေ့ လီဗာပူးမှာကစားမယ့် စကော့တလန်နဲ့ ခြေစမ်းပွဲတွေအတွက် ပထမဆုံးထုတ်ပြန်ခဲ့တဲ့ လူစာရင်းမှာတော့ နီကိုလက်စ်ပီပီ ချန်လှပ်ခံထားခဲ့ရတာပါ။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ သူ့ကို ယခုနှစ်ဆန်းပိုင်းက မော်ရိုကိုမှာကျင်းပခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာလည်း ချန်လှပ်ထားခဲ့ပါသေးတယ်။ အဲဒီပြိုင်ပွဲမှာ အိုင်ဗရီကို့စ်အသင်းဟာ လက်ရှိချန်ပီယံအဖြစ် ဆုဖလားကိုကာကွယ်ခဲ့ပေမဲ့ ကွာတားဖိုင်နယ်အဆင့်မှာတင် ပြုတ်ခဲ့ရပါတယ်။ ပြင်သစ်မှာမွေးဖွားခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်းဟာ အခုရာသီမှာ ဗီလာရီးရဲလ်အသင်းအတွက် လာလီဂါ ၅ ဂိုး သွင်းယူပေးထားပါတယ်။ သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အိုင်ဗရီကို့စ်အသင်းအတွက် ၅၀ ကြိမ်မြောက် နောက်ဆုံးပွဲစဉ်ကို ကစားပေးခဲ့ပေမဲ့၊ မကြာခင်မှာပဲ YouTube ဗီဒီယိုတစ်ခုထဲမှာ မော်ရိုကိုအသင်းရဲ့ အာဖရိကဖလားမှတ်တမ်းဆိုးတွေအကြောင်း ပြောဆိုခဲ့တာကြောင့် အငြင်းပွားစရာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီကိစ္စအတွက် သူက ပြန်လည်တောင်းပန်ခဲ့ပေမဲ့ အွန်လိုင်းမှာ လူမျိုးရေးခွဲခြားစော်ကားမှုတွေ ခံခဲ့ရကြောင်းနဲ့ အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ်က သူ့ကို ကာကွယ်ပေးမှုမရှိဘူးလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ အိုင်ဗရီကို့စ်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စု (E) မှာ အီကွေဒေါ၊ ဂျာမနီ၊ ကျူရာကိုး အသင်းတွေနဲ့အတူ ကျရောက်နေပါတယ်။