အဖိုးတန်အဝေးကွင်းနိုင်ပွဲနဲ့အတူ ရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းသွားတဲ့ အက်စတွန်ဗီလာ
ဖီနာဘာချီ ဝ-၁ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်)
ပရီးမီးယားလိဂ်ကိုယ်စားပြုအက်စတွန်ဗီလာက တူရကီကလပ်ဖီနာဘာချီကို အဝေးကွင်းမှာ အနိုင်ကစားပြီး အမှတ်ပေးဇယားထိပ်ဆုံးရှစ်သင်းစာရင်းဝင်အဖြစ် ယူရိုပါလိဂ်နောက်ဆုံး-၁၆သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ ပထမပိုင်းပွဲချိန်အတွင်း ဆန်ချိုက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာလည်း အိမ်ရှင်တွေရော၊ ဧည့်သည်တွေပါ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ခဲ့ကြပေမယ့် နှစ်ဖက်အသင်းဂိုးသမားတွေရဲ့လက်စွမ်းပြကာကွယ်မှုတွေကြောင့် သွင်းဂိုးတွေ အများကြီးမမြင်တွေ့ခဲ့ရပါဘူး။