The network connection is lost.

Banner Image

ပြင်သစ်မြေမှာ ကျေနပ်လောက်စရာနိုင်ပွဲတစ်ခု ဖန်တီးယူခဲ့တဲ့ လီဗာပူး

မာဆေးလ် ဝ-၃ လီဗာပူး (ပွဲပြီးရလဒ်)

စွမ်းဆောင်ရည်ပိုင်းတည်ငြိမ်မှုပြသနိုင်ဖို့ရုန်းကန်နေရတဲ့ လီဗာပူးက အခုအဝေးကွင်းပွဲစဉ်မှာတော့ ဂိုးပြတ်နိုင်ပွဲနဲ့အတူ အိမ်အပြန်မျက်နှာပန်းလှသွားပါတယ်။ ပထမပိုင်းပွဲချိန်တွေမှာ နှစ်ဖက်အသင်းကစားသမားတွေရဲ့တိုက်စစ်ဆင်မှုအချို့မြင်တွေ့ခဲ့ရပေမယ့် အချိတ်အဆက်လွဲချော်နေလို့ အပိုင်အခွင့်အရေးတွေဖန်တီးနိုင်ရေး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ဆိုဘိုဆလိုင်းရဲ့နာကျင်အချိန်ပိုဖရီးကစ်သွင်းဂိုးကြောင့် မထင်မှတ်ဘဲ ဧည့်သည်တို့ ပွဲစဉ်ကို ဦးဆောင်လာခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း အပြန်အလှန်ထိုးဖောက်မှုတွေရှိခဲ့ပြီး မာဆေးလ်ဂိုးသမားရူလီရဲ့O.G၊ လူစားဝင်ကစားသမားဂတ်ပိုရဲ့နာကျင်အချိန်ပိုသွင်းဂိုးတွေကြောင့် ပြတ်သားတဲ့ရလဒ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် အန်းစလော့ရဲ့အသင်းက အမှတ်ပေးဇယားထိပ်ဆုံးရှစ်သင်းစာရင်းဝင်အဖြစ် ရှုံးထွက်အဆင့်ဆီတိုက်ရိုက်တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။